ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်အုပ်စုအားတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့(သြဂုတ် ၁၀ ရက်)တွင် ထုတ်ပြန်သည်။
ယမန်နေ့(သြဂုတ် ၉ ရက်)က ဆိုလားလူကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို လယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့နှင့် ဒေသခံမဟာမိတ်တပ်ပေါင်းစုများမှ ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းအထူးစစ် ဆင်ရေး စနိုက်ပါ အဖွဲ့လည်း ပါဝင်ခုခံတိုက်ခဲ့ပြီး တိုက်ခိုက်မှု့ကြောင့် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲမှာဆက်လက်ပြင်းထန်လာနိုင်ပြီး အလယ် ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် ဒေသ ခံမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်ရင်ဆိုင်သွားမည်ဟု အသိပေးသည်။
စစ်ကောင်စီတပ်က ဇူလိုင်နောက် ဆုံးပတ်ကစ၍ ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်ရေးအရှိန်မြှင့်တင်နေကြောင်းလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်
