ပဲခူးမြို့ပေါ်တွင် KTV ဆိုင်မှပြန်လာသော G1 တစ်ဦးလိုက်ပါလာသည့် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (သြဂုတ် ၉) အသိပေးထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို သြဂုတ် ၆ ရက် ည ၉ နာရီခန့်တွင် ချင်စုအထပ်သား စက်ရုံလမ်းကြား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးပေ။
“ချင်စု အထပ်သားစက်ရုံလမ်းထိပ်နားမှာ (မိုင်း) ပေါက်တာ။ ထိခိုက်သေဆုံး တော့ မသိရဘူး”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။
ပဲခူးမြို့ရှိ လူကြီးမင်း KTV ဆိုင်သည် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိပြီး မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ချင်စုအထပ်သားစက်ရုံလမ်းမှာ ၎င်းဆိုင်၏မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။
