တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ရဲဘော်များက ယနေ့ (သြဂုတ် ၈) ၌ ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။



PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
ယင်းဆန္ဒပြ လှုပ်ရှားမှုများကို တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (FFFF) ရဲဘော်များ၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အေဒင်မှူး) ရဲဘော်များ၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေး အင်အားစုဖွဲ့ရှိ (DEF-PDF) ရဲဘော်များက တောတွင်း တစ်နေရာ၌ ပြုလုပ်ခဲ့ကြသည်။
