အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦးသည် အမေရိကန် အာရှပစိဖိတ်ဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink နှင့် ယမန်နေ့တွင် တွေ့ ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင် မကြာသေးမီက စစ်အုပ်စု၏ လူမဆန်သော သေဒဏ်စီရင်ချက်များအပေါ် အထူးအလေးပေးဆွေးနွေးခဲ့ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ ဆုံးခန်းတိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့အပြင် အမေရိကန်အနေဖြင့် မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်မည့် နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။
တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို ဥပဒေမဲ့သေဒဏ်ပေးကွပ် မျက်ခဲ့မှုကို အမေရိကန်အပါအဝင် အာဆီယံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အီးယူ၊ G7 တို့ကလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။
