မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ တိုက်ပြိုမှုဖြစ်ပွား၍ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၂၄ ရက် နေ့လည် ၃ နာရီခွဲအချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ အနောက်ရပ်ကွက်၊ (၂၉) လမ်း ၈၄x၈၅ ကြားတွင် တိုက်ပြိုကျမှုဖြစ်ခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။



သေဆုံးသူနှစ်ဦးကို ဈေးချိုအရန်မီးသတ်စခန်းမှ ယာဉ်ဖြင့် မန္တလေးပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက် လုပ်ဆောင်နေကြောင်း အသိပေးထားသည်။
ပြိုကျမှုဖြစ်ပွားသည့်တိုက်မှာ ဖျက်လက်စတိုက်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
