နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ပစ်ပယ်မှုကြောင့် အထီးကျန်နေတဲ့ စစ်ကောင်စီထံ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အခုသီတင်းပတ်အကုန်မှာ လာရောက်မယ်လို့ သိရပါတယ်။
ဝမ်ယိဟာ လဲချန်း − မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးတက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကိုလာရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကို ပြောထားပါတယ်။
ခရီးစဉ်အတွင်းမှာ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ရှိ မရှိကိုတော့ မသေချာသေးကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဖြေထားပါတယ်။
ဝမ်ယိရဲ့ ခရီးစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။
တရုတ်ဟာ စစ်တပ်အာဏာသိမ်းမှု ကို ရှုတ်ချမှုမရှိသလို စစ်အုပ်စုအတွက် အဓိကကျတဲ့လက်နက်ထောက်ပံ့နေတဲ့မဟာမိတ်နိုင်ငံလည်းဖြစ်နေပါတယ်။
လဲချန်း − မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၂ ရက်မှာစတင်ကျင်းပမှာဖြစ်ပြီး ကမ္ဘောဒီးယား၊လာအို၊ထိုင်း ၊ဗီယက်နမ်နဲ့ မြန်မာတို့ တက်ရောက်ကြမှာပါ။
