ဆေးတက္ကသိုလ် ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်း သားများအား ယာယီဘွဲ့လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း NUG အစိုးရ၏ ဆေးတက္ကသိုလ် (၁)ရန်ကုန် ယာယီတက္ကသိုလ်ကောင်စီက အသိပေးထုတ်ပြန်သည်။
ယာယီဘွဲ့လက်မှတ်လျှောက်ထားနိုင်သူများတွင် ပညာရပ်ဆိုင်ရာသင်ယူလေ့လာမှုများပြီးမြောက်၍ အရည်အသွေးပြည့်မီကြောင်းကြေညာပြီးဖြစ်သော်လည်း ဘွဲ့နှင်းသဘင်မကျင်းပနိုင်ခဲ့သော ဘွဲ့ကြိုနှင့် ဘွဲလွန်ကျောင်း သားများပါဝင်သည်ဟု ဖော်ပြသည်။
“အလုပ်သင်ဆရာဝန်တစ်နှစ်ဆင်းပြီးသူများအားလုံး ယာယီဘွဲ့လက်မှလိုချင်သူများ လျှောက်ထားနိုင်ပါတယ်”ဟု ဖက်ဒရယ်ကျန်း မာရေးပညာရှင်များကောင်စီဥက္ကဋ္ဌ ဆရာကြီးဒေါက်တာခင်မောင်လွင်က လူမှုကွန်ယက်မှတဆင့် အသိပေးသည်။
ထို့အပြင် မဟာသိပ္ပံအောင်မြင်ပြီးစီးသူများလည်း သက်ဆိုင်ရာတက္ကသိုလ်များ၏ယာယီတက္ကသိုလ်ကောင်စီများနှင့်ချိတ်ဆက်ပြီး ယာ ယီမဟာသိပ္ပံဘွဲ့လက်မှတ်များလျှောက်ထားနိုင်ကြောင်းလည်း ၎င်းက ထပ်မံအသိပေးသည်။
ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသားများ၏အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများမဆုံးရှုံးရစေရန် ယခုကဲ့သို့ ယာယီဘွဲ့လက်မှတ်များထုတ်ပေးခြင်းဖြစ်ပြီးယာယီတက္ကသိုလ်ကောင်
စီ၊ မော်ကွန်းမှတ်တမ်းဌာနစိတ်သို့ဆက်သွယ်ပြီး အကြောင်းကြားစာရထားပြီးသူများ ထပ်မံလျှောက်ထားရန် မလိုအပ်တော့ကြောင်း ဖော်ပြ သည်။
ယာယီဘွဲ့လက်မှတ်ရပြီးပါက Federal Health Professional Council တွင် Federal Sama ဆက်လက်များ လျှောက်ထားနိုင်ကြောင်းလည်း အသိပေးအသိပေးထုတ်ပြန်ထားသည်။
(လျှောက်ထားလိုသူများအတွက် Google Form) Google Form Link: https://forms.gle/cvT4ZpGUuJ9BpsT
