လက်နက်ကြီးထုတ်လုပ်ရေးနှင့်တပ်ဖွဲ့အတွက်လိုအပ်နေသည့် ရံပုံငွေကို အမျိုးသမီးတပ်ဖွဲ့ဝင်များက စျေးရောင်းပြီး ရှာဖွေခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေးကို အပင်ပန်းခံကြိုးစားနေကြောင်းယင်းမာပင်မြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က လူထုအား အသိပေးသည်။
ယင်းမာပင်မြို့အခြေစိုက် ရွှေတြိဂံတပ်ရင်း(GTF)၊တပ်ခွဲ(၄)ဖြစ်သောစစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)မှ တပ်ဖွဲ့ဝင်အမျိုးသမီးရဲဘော်များသည်စျေးရောင်း၍တပ်ဖွဲ့အတွက်ရံပုံငွေရှာဖွေပေးနေခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ရဲဘော်မလေးတွေအခုစျေးရောင်းနေတယ်။မုန့်လေးတွေလုပ်ရောင်းတယ်။ ကွမ်းလည်းရံဖန်ရံခါရောင်းတယ်။ရတဲ့အမြတ်ကစစ်ကောင်စီမောင်းထုတ်တဲ့နေရာမှာ သုံးဖို့အတွက်တဲ့” ဟု စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)မှ ရဲဘော်တစ်ဦးကပြောသည်။


စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)တွင် အမျိုးသမီးတပ်ဖွဲ့ဝင် (၂၀)ဦးရှိနေပြီး မြွေဆိုးမလေးများဟု အမည်ပေးထားသည်။ ၎င်းတို့အားလုံးသည်စစ်ကောင်စီတိုက်ခိုက်ဆန့်ကျင်ရေးတွင် နည်းမျိုးစုံပူးပေါင်းပါဝင်ပေးနေသည်ဟုတိုက်ခိုက်ရေးရဲဘော်များကပြောသည်။
“လက်နက်ခဲယမ်းအတွက်ငွေကြေးအခက်အခဲကိုသိနေရသူလေးတွေမို့ရရာနည်းနဲ့ ခွေးသုတ်သင်ရင်း၊ငွေရှာရင်းပင်ပန်းနေကြရသူလေးတွေပါခမျာ။လူငယ်တွေကဘဝတွေအသက်တွေနဲ့ရင်းပြီး နောင်မျိုးဆက်အတွက်လွတ်မြောက်မှုတရားမျှတမှုတွေဖော်ဆောင်ပေးနေပါပြီ။ငွေကြေးတတ်နိုင်သူများက နောက်ကနေပဲ လှူဒါန်းပေးကြပါခမျာ” ဟုစစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)ကထုတ်ပြန်ထားသည်။
စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)၏လက်နက်ထုတ်လုပ်ရေးနေရာတစ်ခုကိုစစ်ကောင်စီတပ်ကဧပြီလအတွင်းဖျက်ဆီးသွားခဲ့သည်။ ယခုအခါ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းစဥ် ပြန်လည်စတင်မည်ဖြစ်၍ ရံပုံငွေလိုအပ်နေကြောင်း စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF) ရဲဘော်တစ်ဦးကပြောသည်။

ထောက်ပံ့လှူဒါန်းလိုသူများအနေဖြင့် စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF) ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ
https://www.facebook.com/%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%99%E1%80%81%E1%80%B6-%E1%80%99%E1%80%BC%E1%80%BD%E1%80%B1%E1%80%86%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%9E%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-PDF-101781545750589/ နှင့်
ရွှေတြိဂံတပ်ရင်း(GTF)၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/Golden-Triangle-Force-109043754924928/သို့ ဆက်သွယ်နိုင်ကြောင်းအသိပေးထားသည်။
ယင်းမာပင်မြို့နယ်တွင်ဇွန်လ ၂၃ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့ကြောင်းရွှေတြိဂံတပ်ရင်း(GTF)က ထုတ်ပြန်ထားသည်။
