အကြမ်းဖက် စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကန်ရွာအတွင်း စခန်းချပြီး ကျေးရွာနေပြည်သူများကို ဖမ်းဆီး နှိပ်စက်နေခြင်းကြောင့် ဂန့်ဂေါ – ကလေးလမ်းပိုင်းအား ခရီးသွားလာခြင်းမပြုကြရန် PDF ဂန့်ဂေါက သတိပေးထားသည်။
စစ်ကောင်စီတပ်သည် ဇွန်လ၆ ရက်ကတည်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ ထိုးလာသော စစ်ကြောင်းနှစ်ကြောင်း စသည့် စစ်ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။

အဆိုပါ စစ်ကြောင်းနှစ်ကြောင်းသည် ဇွန်လ ၁၂ ရက်တွင် သာကောင်းကျေးရွာ၌ ပေါင်းစည်းပြီး လက်ရှိတွင် ကန်ရွာတွင်း စခန်းချနေထိုင်ကာ အပြစ်မဲ့ဒေသခံ ပြည်သူများကို ဖမ်းဆီးခြင်း၊နေအိမ်များကို မီးရှို့ခြင်းနှင့် အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်လျက်ရှိသည်ဟု PDF ဂန့်ဂေါက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများသည် ကျောက်ဂူတောရအနီးတွင် ကင်းပုန်းများချကာ တပ်ဖြန့်ထားသောကြောင့် ဂန့်ဂေါ – ကလေးလမ်းပိုင်းကို သွားလာခြင်းမပြုကြရန်လည်း သတိပေးထားသည်။ ထို့အပြင် အဆိုပါစစ်ကြောင်းများနှင့် ဝေးရာတွင် နေထိုင်ပေးကြရန်လည်း သတိပေးထားသည်။
အဆိုပါစစ်ကြောင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တပ်ရင်းများနှင့် ဇွန်လ ၉ ရက်က ရေရှင်ရွာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ဦး ကျဆုံးခဲ့သည်။
