▪️ကျောင်းသား၊ ကျောင်းသူနှင့် ပြည်သူများ ထောင်နှင့်ချီ၍ လာရောက်အားပေး
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ မိုးရာသီ အားကစားပြိုင်ပွဲကို ယနေ့ (ဇွန်လ ၁၄) ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲကို NUG ကြားကာလ ပညာရေးစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများနှင့် ပြည်သူများ ထောင်နှင့်ချီ၍ လာရောက် အားပေးခဲ့ကြကြောင်း သိရသည်။






“ယင်းမာပင်ခရိုင်အတွင်းက တော်လှန်ခြင်းရဲ့ ရောင်နီနဲ့အတူ မျိုးဆက်သစ်လေးများရဲ့ အနာဂတ်၊ တော်လှန်ခြင်းရဲ့ အသီးအပွင့် တွေကိုမြင်ရတာ ကျေနပ်ပီတိ ဖြစ်မိပါတယ်။ လွတ်မြောက်ခြင်းရဲ့အစကနေ အလုံးစုံ လွတ် မြောက်ခြင်းအတွက် နိုင်ရာကနေ တော်လှန်ကြဦးစို့ ” ဟု ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်တစ်ဦးက ယင်းအားကစားပြိုင်ပွဲနှင့် ပတ်သက်၍ ရေးသားဖော်ပြထားသည်။
