ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီစစ်ကြာင်းသည်ရုတ်တရက်နောက်ကြောင်းပြန်ဆုတ်သွားသည့်အတွက်ယင်းလမ်းကြောင်းပေါ်ရှိ ပြည်သူများနှင့်စစ်ဘေးရှောင်ပြည်သူများကို ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းထုတ်ပြန်သည်။




စစ်ကောင်စီတပ်သည် ဇွန် ၉ ရက်မှစ၍ ချင်းဒေသကာကွယ်ရေးတပ်-CDF-ကန်ပက်လက်တပ်ရင်း ၂ ၏စခန်းတစ်ခုဖြစ်သော Vakok စခန်းလာရောက်တိုက်ခိုက်ခဲ့သည်။ဇွန်လ ၁၀ရက်တွင်တပ်စခန်း နေရာကို စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ဝင်ရောက်သိမ်းပိုက်ခဲ့ရာတိုက်ပွဲပြင်ထန်စွာဖြစ်ပွားပြီးလက်နက်အင်အားမမျှ၍ CDF ကန်ပက်လက်နှင့်တပ်ပေါင်းစုကနောက်ဆုတ်ပေးခဲ့သည်။ထိုတိုက်ပွဲတွင် CDF မှထိ့ခိူက်ကျဆုံးမှုမရှိဘဲ စစ်ကောင်စီတပ် ၁၅ ဦးခတ့်သေဆုံးခဲ့ကြောင်းCDF ကန်ပက်လက်ကထုတ်ပြန်သည်။

ကန်ပက်လက် CDF တပ်များက စစ်ကောင်စီတပ်ရှိနေသောစခန်းနေရာသို့ သွားရောက်၍လမ်းကြောင်းများကိုပိတ်ဆို့တိုက်ခိုက်ခြင်း၊ စစ်ကူပေးသောကန်ပက်လက်မြို့ပေါ်ရှိစစ်ကောင်စီတပ်ကို ပြောက်ကျားစစ် ဆင်နွှဲခြင်း ကိုဆက်တိုက်လုပ်ခဲ့ရာစစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများခဲ့သည်။ဇွန် ၉ရက်မှ ၁၃ ရက်အတွင်းဖြစ်သောတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ အနည်းဆုံး ၃၀ ကျော်သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်းCDF ကန်ပက်လက်ထုတ်ပြန်ချက်များအရသိရသည်။


ထို့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာဇွန်၁၃ တွင်မကွေးတိုင်းဒေသရှိ အောက်လက်မွန်ကျေးရွာနှင့်ကျောက်စစ်ကျေးရွာများဖက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဥ် လမ်းကြောင်းတစ်လျှောက်ပြည်သူ့နေအိမ်များဖောက်ထွင်းခိုးယူဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ဒေသခံကျေးရွာ၁၁ ရွာခန့်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
