ကျိုက်ထိုမြို့နယ် ဂူဂူးကျေးရွာအနီးမှာ နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ဒီကနေ့မွန်းလွဲပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူ(သထုံ)ခရိုင် ဂူဂူးကျေးရွာအနီး နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ နဲ့KNLA ပူးပေါင်းတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ ၁၀ မိနစ်ခန့် နှစ်ဖက်ထိတွေ့မှုဖြစ်ပွါးခဲ့တာပါ။

အဲ့ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ (မစိုးရိမ်ရ)ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ထိခိုက်ကျဆုံးမှုကို မသိရှိရသေးဘူးလို့ တပ်ရင်း ၃ ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
