မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်မောင်းတင်ပြီး ခါးကြားထိုးရာ မောင်းပြုတ်ပြီးပေါင်ကို ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၁၂ရက်နေ့ညက တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသည်သေနတ်မောင်းတင်ပြီး ခါးကြားထိုးရာမှ မောင်းပြုတ်ပြီး ပေါင်ထဲကို ကျည်ဝင်သွား၍ ဆေးရုံတက်ကုသနေရကြောင်း ဒေသခံများက ပြောသည်။

ထိုနေ့ညက စစ်ကောင်စီတပ်သည် ကား၃စီးဖြင့် တမိုက်သာကျေးရွာသို့ရောက်လာခဲ့ကြပြီး၎င်းတို့ခန့်အပ်ခဲ့သည့်အုပ်ချုပ်ရေးမှူး၏ ဖြစ်စဥ်ကို မေးမြန်းခဲ့ကြသည်ဟု ဒေသခံတို့က များကသည်။
တောင်သာမြို့နယ်တွင် ဒေသတွင်း PDF အဖွဲ့များလည်းရှိပြီး စစ်ကောင်စီတပ်ကိုမကြာခဏ ခုခံတော်လှန်နေသောဒေသတစ်ခုသည်။
