မန္တလေးမှာ ကျုးကျော်လို့ခေါင်းစဉ်တပ်ပြီး နေအိမ်တွေကို စစ်အုပ်စုက ဖယ်ရှားရာမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့အောင်မြင်သူကုမ္ပဏီရဲ့ စက်သုံးဆီဆိုင်တစ်ဆိုင်ကို မန္တလေးမြို့ပြပျောက်ကျားမဟာမိတ်တပ်ပေါင်းစု (ARFOM) က ဗုံးခွဲပြီး သတိပေးလိုက်တယ်လို့ထုတ်ပြန်လာပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက် ၈၅လမ်းနဲ့ ၃၂လမ်းရှိ အောင်မြင်သူ ကုမ္ပဏီ ဆီဆိုင်ရှေ့မှာ မနေ့ ညပိုင်းက ဗုံးခွဲခဲ့တာလို့သိရပါတယ်။
ဒီဖောက်ခွဲမှုဟာ သတိပေးတာဖြစ်ပြီး စစ်ကောင်စီနဲ့ပေါင်းပြီးလူထုကို ဒုက္ခဆက်ပေးရင် အရေးယူမှုတွေဆက်လုပ်သွားမယ်လို့လည်းဆိုထားပါတယ်။
အောင်မြင်သူကုမ္ပဏီဟာ စစ်အုပ်စုနဲ့ပတ်သက်ဆက်နွယ်ပြီး စည်ပင်ပိုင်မြေများပေါ် လုပ်ပိုင်ခွင့်အများဆုံးရတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
