အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နွေဦးတက္ကသိုလ်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင် ပင်ခံပုဂ္ဂိုလ် Derek Chollet ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာအရေးတက်ကြွလှုပ်ရှားသူ လူငယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် နွေဦးတက္ကသိုလ်မှ ကိုယ်စားလှယ်အချို့ တက်ရောက်ခွင့်ရခဲ့ပြီး နွေဦးတော်လှန်ရေးအပေါ် လူငယ်များ၏ အတွေးအမြင်များ၊ ကြားကာလပညာရေး ဖော်ဆောင်နေမှုများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အာဏာဖီဆန်နေဆဲ CDM ကျောင်းသူ၊ကျောင်းသားများနှင့် ဆရာဆရာမများ၏ အခြေအနေ၊ အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် ပညာရေးဆိုင်ရာ အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
နွေဦးတက္ကသိုလ်သည် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပိုမိုထိရောက်ကောင်းမွန် သော ပညာရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေသည်။
