မကွေးတိုင်း ဆောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးပြီး အိမ်တွင်းရှိပစ္စည်းများ ယူဆောင်သွားကြောင်း ကာယကံရှင် ဦးကျော်မြင့်ကပြောကြားသည်။
ဇွန်လ ၈ရက် နံနက် ၁၀နာရီ ၄၀မိနစ်ခန့်တွင် ဆောမြို့နယ် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်နေ ဦးကျော်မြင့်၏ နေအိမ်သို့ စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်ဖြင့် ရောက်ရှိလာပြီး အိမ်တံခါးကိုဖျက်ဆီးခဲ့သည်ဟု ဆို သည်။
ထို့နောက် စစ်ကောင်စီတပ်က အိမ်တွင်းရှိ ကုတင်၊ မွှေ့ယာ၊ ဘီရို၊ သေတ္တာအပါအဝင်အသုံးအဆောင် ပစ္စည်းများကို ယူဆောင်သွားကြောင်း ဦးကျော်မြင့်က ပြော သည်။
စစ်ကောင်စီတပ်အနေဖြင့် ယခင်ကလည်း လွှတ်တော်အမတ်နေအိမ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်များ၊ အားပေးသူများ၏ နေအိမ်များအား ဝင်ရောက်ဖျက်ဆီးခြင်း၊ ပစ္စည်းများယူဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ထို့ပြင် ပြည်သူလူထု နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ၊ ပစ္စည်းများ လုယက်ယူဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
