▪️အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ဦးထက်မနည်းသေ
၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးသည် ဇွန်လ ၆ ရက်တွင် ရက်ပေါင်း ၆၀ ပြည့်ခဲ့ပြီဖြစ်သည်။
ရက်ပေါင်း ၆၀ အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်တွင် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် စစ်ရေးပစ်မှတ် ၆၃ ခု၊ အုပ်ချုပ်ရေးပစ်မှတ် ၂၁ ခု၊ စီးပွားရေးပစ်မှတ် ၇ ခု အား ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုများ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုများအတွင်း ရန်သူအကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့်ရှိသူ နှစ်ဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး၊ ရဲစခန်းမှူးတစ်ဦးအပါအဝင် စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အကြမ်းဖက် သွေးသောက်အဖွဲ့၊ ပျူစောထီးအဖွဲ့တို့မှ စစ်ကောင်စီထောက်တိုင်များ စုစုပေါင်း ၈၀ဦးထက်မနည်း သေဆုံးကာ ၉၀ ကျော် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း အသိပေးသည်။
စစ်ရေးပစ်မှတ်များထဲမှ အားရကျေနပ်စရာဆောင်ရွက်ခဲ့သည့်ပစ်မှတ်များမှာ ဧပြီ ၁၀ ရက်က အင်းယားလမ်းနှင့်ပန်းဝါလမ်းထောင့်ရှိ တိုင်းအဆင့်အုပ်ချုပ်ရေးအကြီး အကဲများနေထိုင်ရာ အိမ်ရာဝင်းလုံခြုံရေးဂိတ်ပစ်ခတ်တိုက်ခိုက်မှုမှ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိမှုနှင့် လမ်းမတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လုံခြုံရေးတာဝန်ခံဗိုလ်မှူးအဆင့်ရှိသူအား ပစ်ခတ်တိုက် ခိုက်ခြင်းဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
အလားတူ ဧပြီ ၁၁ ရက်က မွန်ပြည်နယ် ကျိုက္ခမီလမ်းမကြီးပေါ်ရှိ၊ အမှတ် (၅၆၅) တပ်ထိန်းတပ်အား ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခြင်း နှင့် ဧပြီ ၁၃ရက်က ခရမ်းမြို့နယ်၊ ဇွဲတွန်စစ်ဆေးရေးဂိတ်အား ပဲခူးPDF နှင့်ခရမ်းPDF ပူးပေါင်းတိုက်ခိုက်ရာ ၁၀ ဦးသေ၊ သုံးဦးဒဏ်ရာရရှိခြင်းတို့မှာလည်း စစ်ကောင်စီတပ်ကို အထိနာစေခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဧပြီ ၁၅ ရက်က ကော့မှုးမြို့နယ်၊ ညောင်ထောက်ကျေးရွာနှင့် တကူပုံကျေးရွာကြား စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးမှု၊ ဧပြီ ၂၆ ရက်က မြောက်ဒဂုံမြို့နယ်၊ မြင်းစီးကွင်းအနီး၊ စစ်ကောင်စီတပ်စွဲထားရာ အားကစားကွင်းအား ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ရာ ၉ ဦးသေဆုံးမှု နှင့် ဧပြီ ၂၇ ရက်က မင်္ဂလာဒုံမြို့နယ်ရှိ ရဲစခန်းတစ်ခုအား ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံးခဲ့သည့် စစ်ရေးပစ်မှတ်များလည်းရှိခဲ့သည်။
မေလအတွင်းကလည်း သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ သွေးသောက်အဖွဲ့ခေါင်းဆောင်ကို ရှင်းလင်းမှုအပါအဝင် ကော့မှုးမြို့နယ်၊ မကျီးကန် – ကျိုက်ထော်လမ်းပေါ် ငှက်အော်စမ်းကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းအား ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး၊ ရဲဘော် တစ်ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိပြီး ပြည်လမ်းနှင့်အင်းယားလမ်းထောင့်ရှိ လုံခြုံရေးဂိတ်အား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးသည့် တိုက်ခိုက်မှုများမှာ နန်းထိုက်အောင်စစ်ဆင်ရေး ဖြစ်သည်။
နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးသည်မြန်မာနိုင်ငံတောင်ပိုင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တန င်္သာရီ၊ မွန် နှင့် ကရင်ဒေသများတွင် မြို့ပေါ်အမှည့်ခြွေပြောက်ကျားနည်းဗျူဟာကို ကျင့်သုံးလျက် ရန်သူအကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ ထောက်တိုင်များအားလုံးကို အပြီးသတ်ချေမှုန်းရန် စတင်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ကျဆုံးသူမရှိ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း အသိပေးသည်။
