စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းပြီး PDF များအား အမြစ်ဖြုတ်မည်ဟုကြိမ်းဝါးနေသော ပျူစောထီးတစ်ဦး သုတ်သင်ရှင်းလင်းခဲ့ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။
ယမန်နေ့(မေလ၃၀ရက်)ညနေ ၃နာရီဝန်းကျင်က မုံရွာ – မန္တလေးလမ်း၊ ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် တောပုကျေးရွာမှ ပျူစောထီးတစ်ဦးအား Black Hunter People Task Force အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
၎င်းသည် အကြမ်းဖက်စစ်ကောင်စီ၏ ပျူသင်တန်းတက်ရောက်ထားပြီး တောပုကျေးရွာပျူအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။
၎င်းသည် လက်နက်အားကိုးဖြင့် အနီးနားရှိကျေးရွာများအား ဒုက္ခမျိုးစုံပေးခြင်း၊ ကျေးရွာနေပြည်သူများအား အော်ဟစ်ဆဲဆိုခြိမ်းခြောက်ရမ်းကားသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုလည်း စစ်ကောင်စီနှင့်ပေါင်း၍ အမြစ်ဖြတ်ရှင်းလင်းမည်ဟု ကြွေးကြော်ထားသူဖြစ်ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။
မေလ ၂၂ရက်ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People’s Task Forceက ရှင်းလင်းခဲ့သည်။
ဧပြီလ ၁၇ ရက်က မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကျင်းပပြီးချိန် လမ်းပိုင်းကင်းစောင့်ပေးနေသော ချောင်းဦးမြို့နယ် PDF အဖွဲ့မှ ရဲဘော်ငါးဦး ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ၎င်းတို့အားသတ်ဖြတ်သွားသူများတွင် တောပုရွာမှ ပျူစောထီးများပါဝင်ကြောင်း ဒေသခံများက ပြောသည်။
