အင်အား ၁၅၀ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းက PDF(ကလေး) တပ်ရင်း-၂၏ ထောက်ပို့တဲများကို ဖြိုခွင်းရန်ကြိုးစားခဲ့သောကြောင့် တိုက်မိုင်းသုံး တိုက်ခိုက်ခဲ့ပြီး လူသူလက်နက် ဆုံးရှုံးခြင်းမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF
(ကလေး)က သတင်းထုတ်ပြန်သည်။
တိုက်မိုင်းသည် ပေါက်ကွဲအားပြင်းထန်ခြင်းကြောင့် စစ်ကောင်စီတပ်သား ၅ဦးခန့် ထိခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည့် ယမန့်နေ့( မေ ၂၉ ရက်)တွင် PDF(ကလေး)တပ်ရင်း ၂ ၏ ထောက်ပို့တဲသုံးလုံးနှင့် ထောက်ကြန့်ရွာသစ်ကျေးရွာမှာ ပြည်သူနေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆသည်။
“PDF-Kalay ( B02 )၊ CDF – KKG၊ ပ.က.ဖ နှင့် ရွာခံများပူးပေါင်းကာ မီးငြိမ်းပေးခဲ့ပါတယ်”ဟုPDF(ကလေး)တပ်ရင်း-၂ က တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီတပ်၏ထိုးစစ်ကို ကြိုတင်ပြင်ဆင်ထားခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသလို လက်နက်ခဲယမ်း ဆုံးရှုံးခြင်းလည်းမရှိဟုလည်း သိရသည်။

စခန်းပြောင်းရွှေ့ရခြင်းကြောင်း ရဲဘော်များကို အကူအညီပေးရန်လည်း PDF(ကလေး)တပ်ရင်း-၂ က မေတ္တာရပ်ခံထားသည်။
“မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတချို့ ဆုံးရှုံးတယ်လို့ကြားရပါတယ်၊ လူကော၊ လက်နက်ကော ဆုံးရှုံးတာမကြားမိသေးဘူး”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ် ဝါဒဖြန့်မီဒီယာများက PDF(ကလေး) တပ်ရင်း ၂ နှင့် တပ်ရင်း ၆ စခန်းများကို သိမ်းဆီးရပြီး PDF နှစ်ဦးသေဆုံးသည်ဟု ဆိုထားသည်။ AK သေနတ်တစ်လက်နှင့် စိန်ပြောင်း ၄လက်ရရှိခဲ့သည်ဟုစစ်ကောင်စီကဝါဒဖြန့်ထားသည်။
