ကြားကာလပညာရေးကို အရှိန်မြှင့်လုပ်ဆောင်ရန် ရန်ကုန်တိုင်းရှိပညာရေးဘုတ်အဖွဲ့များစု ပေါင်းပြီး Yangon Federal Schoolကိုစတင်တင်ထောင်လိုက်ပြီဖြစ်ကြောင်းYFS က ထုတ်ပြန်သည်။
ရန်ကုန်တိုင်းရှိ စစ်ကျွန်ပညာရေးကို သပိတ် မှောက်တော်လှန်နေသော ကျောင်းသားကျောင်းသူများအတွက် ပညာသင်ယူနိုင်မှုအခွင့်အလမ်းများ စဉ်ဆက်မပြတ်စေရန်၊ ကြားကာလ ပညာရေးကို အရှိန်တိုးမြှင့်လုပ် ဆောင်နိုင်ရန် မြို့နယ်ပညာရေးဘုတ်အဖွဲ့များစုပေါင်း၍ကျောင်းဖြစ်မြောက်ရေးကော်မတီကို ယခုနှစ်(၂၀၂၂) မေ ၂၇ တွင် ဖွဲ့စည်းခဲ့သည်ဟု ဖော်ပြသည်။
“စစ်ကောင်စီ၏ စစ်ကျွန်ပညာရေး သပိတ် မှောက်ခြင်းသည် ပညာသင်ယူမှုများကိုရပ်တန့်ပစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ကလေးများ ၏ ပညာရေးဟူသည် ရပ်တန့်ကောင်းသည့်အရာလည်း မဟုတ်ပေ။ ထို့ကြောင့် ကလေးများ၏ပညာရေး စဉ်ဆက်မပြတ်စေရန်အတွက် ကြားကာလပညာရေးကို မြို့နယ်ပညာရေးဘုတ်အဖွဲ့များက အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိသည်”ဟု RFS က အသိပေးသည်။
ကော်မတီသည်ခရိုင်အလိုက်ကိုယ်စားလှယ်များဖြင့် ကျောင်းတာဝန်ခံနှင့် ကျောင်း၏ Board of Director အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး တာဝန်ခံနှင့် Board of Director အဖွဲ့သည် Yangon Federal School ၏ စီမံခန့်ခွဲမှုများကို စနစ်တကျ စီမံဆောင်ရွက်သွားမည်ဟု ထုတ် ပြန်သည်။
YFS သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြားကာလပညာရေးအစီအမံများဖြင့် ပြည်သူ့ပညာရေးယန္တရားကိုအကောင် အထည်ဖော်သွားမည်ဖြစ်ကာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRYH) ၊ ရန်ကုန်တိုင်းရှိ ပညာရေးအစုအဖွဲ့များ ၊ ကျောင်းသားသမဂ္ဂများ ၊ တော်လှန်အစုအဖွဲ့များနှင့် ချိတ်ဆက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။
