မတ္တရာမြို့နယ်တွင်းဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ် မတော်-မန္တလေး(MDY-PDF)က ယနေ့(မေ ၂၈)အသိပေးထုတ်ပြန်သည်။

“မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သော ရဲဘော်မိုးတိမ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ အစဉ်ဂုဏ်ယူအောက် မေ့ နေမည်ဖြစ်ကြောင်း ညိုးငယ်သော စိတ် ထားဖြင့်ထုတ်ပြန်အပ်ပါသည်”ဟု ဖော်ပြသည်။
ရဲဘော်မိုးတိမ်(ကိုယ်ပိုင်အမှတ် P1-1204-0020)သည် မေ ၂၄ ရက်က မတ္တရာမြို့နယ်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့ရာ စစ်မြေပြင်တွင်တပ်နှင့်လမ်းကွဲသွားခဲ့ပြီး တောတွင်းတစ်နေရာတွင် ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်။
