မနေ့က မေလ ၂၆ ရက် ညပိုင်း မန္တလေးမှာ လုယက်မှု ၂ မှု နာရီပိုင်းအတွင်းဖြစ်ပွားခဲ့ပြီး လုယက်ခံရသူအမျိုးသားတစ်ဦးဓားထိုးခံရလို့ သေဆုံးသွားပါတယ်။
အဲဒီလုယက်မှု တွေဟာ မနေ့က ညပိုင်း ၇ နာရီခန့်နဲ့ ည ၁၀ ခန့်တွေမှာ မဟာအောင်မြေမြို့နယ် နဲ့၊ ချမ်းအေးသာစံမြို့နယ်တွေအတွင်းဖြစ်ပွားခဲ့တာပါ။
ချမ်းအေးသာစံမြို့နယ်ဖြစ်စဉ်ကတော့ သင်္ဂဇာချောင်းကန် ပတ်လမ်း ၊သကြားစက်အနီးမှာ အမျိုးသားနဲ့အမျိုးသမီးလုယက်ခံရတာဖြစ်ပြီး ဆိုင်ကယ်အပြင် ဖုန်းပါလုယက်ခံရတယ်လို့သိရပါတယ်။ ဒါအပြင်အမျိုးသားကို ဓားနဲ့ထိုးသွားလို့ ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် ဆုံးပါးသွားပါတယ်။

နောက်အမှုကတော့ မဟာအောင်မြေ မြို့နယ် ၊သိပ္ပွံလမ်း နဲ့၆၉ လမ်းထောင့်မှာ အမျိုးသား ၃ ဦး စီးလာတဲ့ ဆိုင်ကယ်ကို ဓားနဲ့ခုတ်ပြီး လုယက်တာလို့သိရပါတယ်။
ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေ ဓားနဲ့ခုတ်ခံရလို့ ဒဏ်ရာရသွားသလို ဆိုင်ကယ်လည်းလုခံလိုက်ရတယ်လို့သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ ရာဇဝတ်မှုတွေထူပြောလာသလို လုယက်တာတွေလည်း မကြာခဏဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေကပြောကြပါတယ်။
