တနသ်ာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့(မေ ၂၆)တွင် ထုတ်ပြန်သည်။
ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ပုလောမြို့နယ် ဝက်တိုးကျေးရွာအနီး ပုလောပြည်သူ့ကာကွယ်ရေးတပ်မ တော်(PPDF)၊ မဟာမိတ်တပ်ပေါင်းစုတို့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ ထိတွေ့တိုက်ပွဲတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်မှ တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

“သူတို့(စကစ)ဘက်က စစ်ရေးတပြင်ပြင်ရှိနေတယ်။ လက်နက်ကြိးတွေနဲ့ ရမ်းသမ်းပစ်နေတာ ၂ ရက်ရှိပြီ”ဟု PPDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အထက်ပါတိုက်ပွဲ ဖြစ်နေစဉ်နှင့် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ (၂၈၅)တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပစ် ခတ်လျက်ရှိကြောင်း PPDF က ထုတ်ပြန် သည်။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
