အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ရေးမြို့နယ်မဟာမိတ်တပ် ဦးမှ တပ်စိပ် (၁၀)ခုဖြင့် တိုက်ခိုက် တိုက်ပွဲဝင်နေကြောင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRU)က ထုတ်ပြန်သည်။
“KNU ရဲ့ နယ်မြေခံ စစ်ကြောင်းတစ်ခု ပါလာတယ်လို့ သိရတယ်။အခု နောက်ဆုံးသိရတာ စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေတယ်”ဟု MSRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ယနေ့(မေ ၂၃ ရက်)တွင် အင်အား ၆၀ကျော်ပါ စစ်ကောင်စီတပ်ကို အာယုတောင်ကျေးရွာအုပ်စု ရွာကလေးကျေးရွာအနီးတွင် ရေးမြို့နယ်မဟာမိတ်တပ်ဦးမှ တပ်စိပ်(၈)နှင့် တပ်စိပ်(၁၀)မှ ကနဦးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထိုဖြစ်စဥ်တွင်စစ်ကောင်စီတပ်၏လမ်းကြောင်းများကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ကင်းပုန်းမှ လည်းပြန်လည်ပစ်ခတ်ခဲ့ရာ ၁နာရီကြာထိတွေ့ခဲ့ကာ နှစ်ဖက်ကျဆုံးမှုမရှိ ကြောင်းအသိပေးသည်။
လက်ရှိတွင် ရေးမြို့နယ် မဟာမိတ်တပ် ဦးမှ တပ်စိပ် (၁၀) ခုဖြင့် မိုးထဲလေထဲ၌ စစ်ကောင်စီတပ်ကို ဆက်လက်ပိတ်ဆို့တိုက်ပွဲဝင်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
