မန္တလေးမြို့က စက်သုံးဆီဆိုင်အချို့မှာ ဆီပြတ်လပ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပြတ်လပ်နေတဲ့ စက်သုံးဆီ အမျိုးအစား ဟာ 95 ၊ 92 ဖြစ်တယ်လို့ ဒီနေ့ စက်သုံးဆီဆိုင်တွေထံမှာ ဆီဖြည့်ခဲ့သူ တစ်ဦးက ပြောပြပါတယ်။
ဒီလိုဆီပြတ်တဲ့ဆိုင်တွေထဲ လူသိများတဲ့ နာမည်ကြီးဆီဆိုင်တွေလည်းပါတယ်လို့သိရပါတယ်။ဆိုင်အချို့မှာဆိုရင် စက်သုံးဆီကို ပုံးနဲ့ အပို ရောင်းချမပေးဘူးလို့ ကြေညာထားတာတွေ့ရပါတယ်။
ဒီနေ့မန္တလေး မှာ စက်သုံးဆီဈေးဟာ 92 တစ်လီတာကို ၂၂၀၀ ကျပ်ဝန်းကျင် ၊ ၉၅ တစ်လီတာကို ၂၃၀၀ ကျပ်ဝန်းကျင် ရှိတယ်လို့သိရပါတယ်။
