ကရင်နီ(ကယား)ပြည်နယ်၊ဒီမော့ဆိုမြို့နယ် ၊ကုန်းသာကျေးရွာအနီး ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို ပြောက်ကျားဝင်တိုက်ရာ သုံးဦသေဆုံး ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု- KRU က ယနေ့(မေ ၁၈ ရက်)တွင် ထုတ် ပြန်သည်။
တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ (မေလ၁၇ရက်) ည(၈)နာရီခန့်တွင် စစ်ကောင်စီတပ်မှ ကင်းလှည့်နေစဥ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အဖွဲ့ မှ ရှောင်တခင် ဝင်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ရန်သူကင်းလှည့်လာတဲ့ အင်အားက ၂၀ ကျော်လောက်ရှိတယ်။ကျွန်တော်တို့ KRU အနေနဲ့ က မြေပြင်အနေအထားအရ ပြောက်ကျား စနစ်ကိုရွေးပြီးတိုက်ခဲ့တယ်။ရန်သူ သုံးဦး သေတာ တော့ သေချာ သိနိုင်ခဲ့တယ်။ကျွန်တော်တို့ ဘက်က ရဲဘော်တစ်ဦးကတော့ လက်ဖျံကို ကျည်ရှပ်ထိ ဒဏ်ရာရခဲ့တာ။လောလောဆယ် ဆေးကုသပေးနေပါတယ်။မစိုးရိမ်ရတော့ဘူး”ဟု KRU တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီဖက် မှ အထိနာခဲ့သောကြောင့် ည ၈နာရီ မိနစ် ၂၀ ခန့် တွင်လက်နက်ကြီး ၊တင့်ကား ၊လက်နက်ငယ် များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း (KRU) ရဲဘော်များမှ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယခုလအတွင်း ဒီးမော့ဆို မြို့နယ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက် မှု ငါးကြိမ်းထက်မနည်း KRU က ဆောင်ရွက်ထားသည်။
