Hi, what are you looking for?
မင်းအောင်လှိုင်ဦးဆောင်သောစစ်အုပ်စုက စစ်ကောင်စီမှ စစ်ကော်မရှင်ဟုအမည်ပြောင်းသော်လည်း အကြမ်းဖက်အုပ်စု၊ နိုင်ငံတော်နှင့် ပြည်သူ့ ရန်သူပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ယနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ အခြေအနေမှန်များ၊ မြန်မာပြည်သူလူထု၏ဆန္ဒများကို မျက်ကွယ်ပြုပြီး စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် ရှုမြင်အားပေးနေကြသည့် နိုင်ငံအချို့အနေနဲ့ဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် ယုံကြည်ကိုးစားမှု မပြုမိကြရန် သတိပေး တိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။
စစ်ကောင်စီသည်တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို ဟန်ပြပြုလုပ်ပြီး အာဏာတည်မြဲရေးနှင့် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့၊ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေး ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပြီး တော်လှန်ရေး အင်အားစုများ အားလုံးအနေဖြင့် စုစည်းညီညွတ်စွာဖြင့် ပြည်သူနဲ့အတူရပ်တည်ရင်း စစ်ကောင်စီ၏ ထောင်ချောက်ကို ဆန့်ကျင်ကျော်လွှားကြရန် တိုက်တွန်းသည်။