Hi, what are you looking for?
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ စစ်အုပ်စုက ဥပဒေမဲ့ ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စုစုပေါင်း ၆ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။
မြန်မာရဲ့ ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးမှာ အသက်ကိုပဓာနမထားပဲ ရှေ့တန်းကနေ တော်လှန် တိုက်ပွဲဝင်နေတဲ့ PDF တွေ၊ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ဝင်တွင်၊ Local Defence Force (LDF)တွေ အားလုံး အထူးလေးစားတန်ဖိုးထားပြီး လိုအပ်ချက်တွေတတ်စွမ်းသမျှ ဖြည့်စွမ်းနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ...