သတင်း မြိုင်ကိုစစ်ကြောင်းထိုးတဲ့စစ်ကြောင်းကရဲ ၂ ဦးမျက်စိလည်ကျန်ခဲ့လို့တော်လှန်ရေးအဖွဲ့ဖမ်းဆီး မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooဇူလိုင် 28, 2026
သတင်း မြိုင်နဲ့ ပေါက်မှာ စစ်တပ်က ၁လအတွင်း စစ်တပ်က ပြည်သူ ၂၄ ဦးထက်မနည်း သတ်ဖြတ် မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 23, 2026
သတင်း မြိုင်နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ပြည်သူတွေ သတ်ပြီး နေအိမ်တွေ ဖျက်ဆီး မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေ သတ်ဖြတ်ပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇူလိုင်၁၇ရက်မှာ ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 18, 2026
သတင်း ပေါက်နဲ့မြိုင်နယ်မှာစစ်တပ်ကြောင့်ပြည်သူသောင်းဂဏန်းထွက်ပြေးနေရ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ထဲက ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဇူလိုင်လဆန်းပိုင်းကစတင်ပြီးစစ်ကြောင်းထိုးပြီးမီးရှို့တာတွေကြောင့်ရွာ ၂၀ကျော်ရှိဒေသခံသောင်းဂဏန်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့စစ်ရှောင်အရေးကူညီသူအချို့ဆီကသိရပါတယ်။ ludunwayooဇူလိုင် 18, 2026
သတင်း မြိုင်မှာ စစ်တပ်စစ်ကြောင်းက ဓားစားခံဖမ်းဆီးထားတဲ့ ပြည်သူ ၂ဦးကို သတ်ပြီး ကျေးရွာတွေ မီးရှို့ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၂ဦးကို သတ်ဖြတ်ပြီး ကျေးရွာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ က ပြောပါတယ်။ ludunwayooဇူလိုင် 16, 2026
သတင်း ပေါက်နယ်အတွင်း စစ်တပ်စစ်ကြောင်း ဝင်လာလို့ ဒေသခံတွေ ကြိုပြင်ကြဖို့ အညာမြေအရပ် ဖက်လူမှုအဖွဲ့အစည်း-မြိုင် သတိပေး မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းနဲ့ စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ပုသိမ်-မုံရွာ လမ်းပိုင်းတစ်လျှောက်ရှိ ဒေသခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်ရဲ့တာဝန်ရှိသူက ပြောပါတယ်။ ludunwayooဇူလိုင် 2, 2026
သတင်း ပခုက္ကူနဲ့ မြိုင်နယ်မှာ စစ်ဘေးရှောင်များလာပြီး စားနပ်ရိက္ခာနဲ့ သောက်ရေ အရေးပေါ် လိုအပ်နေ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။ ludunwayooဇူလိုင် 1, 2026
သတင်း မြိုင်နယ်မှာ တိုက်ခိုက်ခံရတဲ့ Mi-17 ရဟတ်ယာဉ်ကို စစ်တပ်က ကားတွေနဲ့ပြန်သယ် မကွေးတိုင်း၊မြိုင်မြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ Mi-17 ရဟတ်ယာဉ်ကို စစ်တပ်က ကားတွေနဲ့ ပခုက္ကူမြို့ကို ပြန်သယ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ludunwayooဇွန် 28, 2026
သတင်း စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစ်စီးကို မြိုင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေပစ်ချ အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တနေရာမှာမှာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက ပစ်ချလိုက်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။ ludunwayooဇွန် 24, 2026
သတင်း မြိုင် ၊မြဇီးတောရွာကို စစ်တပ်မီးရှို့ရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဇွန် 18, 2026