close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာ ဆဲဗင်းဂျူလိုင် လှုပ်ရှားမှု ပြုလုပ်

စစ်တပ်က လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ရန်ကုန်မြို့ လူစည်ကားရာနေရာအချို့မှာ တော်လှန်လူငယ်များစုပေါင်းပြီး (၆၄)နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၇)မှာ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်-၇၊၂၀၂၆/People’s Spring

စစ်တပ်က လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ရန်ကုန်မြို့ လူစည်ကားရာနေရာအချို့မှာ တော်လှန်လူငယ်များစုပေါင်းပြီး (၆၄)နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၇)မှာ ပြုလုပ်ခဲ့ပါတယ်။

တော်လှန်လူငယ်တွေက “၇.၇.၆၂ မမေ့ကြနဲ့” ၊ 7-7-62 DONT FORGET ဟူသော စာတမ်းပါ တီရှပ်များကို ဝတ်ဆင်ပြီး အထိမ်းအမှတ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။

အဲဒီလှုပ်ရှားမှုကို ရန်ကုန်မြို့လယ်နေရာတွေမှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူငယ်တွေက သမိုင်းဝင် ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးအခင်းနဲ့ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသားရဲဘော်များကို အောက်မေ့သတိရစေဖို့၊ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သွားဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – GSCB

ဆက်စပ်သတင်းများ

သတင်း

ဒီကနေ့ ဇူလိုင် ၅ရက်မနက်အစောပိုင်းမှာ ဧရာဝတီတိုင်း၊ ကျိုက်ပိမြို့အနီးကိုဗဟိုပြုလှုပ်တဲ့ ရစ်ခ်တာစကေး ၃ ဒဿမ ၆ အဆင့်ရှိတဲ့ ငလျင်ကြောင့် ရန်ကုန်မြို့မှာ ငလျင်လှုပ်ရှားမှု ထပ်မံ ခံစားခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအထိရှိတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

ပင်လယ်ဝအနီးကို ဗဟိုပြုတဲ့ ရစ်ခ်တာစကေး ၃ဒဿမ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ငလျင်ကြောင့် ရန်ကုန်မြို့မှာငလျင်လှုပ်တာသိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီကနေ့ (ဇူလိုင် ၄) ရက် နံနက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ်အများစုရှိ အထပ်မြင့်တိုက်ခန်းနေသူတွေ သိသာစွာ ခံစားလိုက်ရကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။