ရက္ခိုင့်တပ်တော်-AA ကတိုက်ခိုက်၍ စစ်ရှုံးပြီး အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သား ၂၇၆ ဦးကို သွားခေါ်တဲ့ စစ်ကောင်စီလေယာဥ်ဟာLengpui လေဆိပ်အဆင်းမှာ ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယဒေသတွင်းသတင်းဌာနတွေကဖော်ပြပါတယ်။

ဒီနေ့ အိန္ဒိယစံတော်ချိန် မနက် ၁၀ နာရီ ၁၇ မိနစ်မှာလေယာဥ်မတော်တဆဖြစ်တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်လို့ သိရပါတယ် ။ လေယာဥ်ဟာ ခါကျိုးအက်သွားတာကိုပုံတွေမှာတွေ့ရပြီး လေယာဥ်ဆီကနေ ထမ်းစင်နဲ့ ဒဏ်ရာရသူအချို့ကို ခေါ်ထုတ်နေတာကိုလည်း The Lairam Times သတင်းဌာနကဖော်ပြထားပါတယ် ။

အိန္ဒိယထွက်ပြေးတဲ့ စစ်သား ၂၇၆ ယောက်ထဲက ပထမအသုတ် ၁၈၄ ဦးကို ဇန်နဝါရီ ၂၂ ရက်မှာလေယာဥ်နဲ့ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီကနေ့မနက်သွားခေါ်တာမှာလေယာဥ်မတော်တဆဖြစ်ခဲ့တာပါ။
