ရှမ်း – ကရင်နီပြည်နယ်စပ် မိုးဗြဲနှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းများကို ပိတ်ဆို့ထားနိုင်ကြောင်း မိုးဗြဲ ၁၁၁၁စစ်ဆင်ရေးမှ တာဝန်ရှိသူ ဗိုလ်နေကောင်းက လူထုနွေဦးသို့ပြောသည်။
‘၁၁၁၁စစ်ဆင်ရေး’စတင်ခဲ့ပြီးနောက် မိုးဗြဲမြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖယ်ခုံမြို့ပတ်ဝန်းကျင် ရှိ စစ်ကောင်စီတပ် စခန်းများကို ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။
“လက်ရှိ မိုးဗြဲမြို့ကိုတော့ထိန်းချုပ်ထားနိုင်တယ်။ ခမရ ၄၂၂ တပ် တော့ ကျန်သေးတယ်။ပိတ်ဆို့မှုတွေ လုပ်ထားနိုင်တဲ့အနေအထားရှိတယ်။ဖယ်ခုံ ဘက်မှာဆိုလည်း မြို့ထဲတော့ မဝင်သေးဘူး။မြို့ပြင်ဘက်ကိုတော့ ကျွန်တော်တို့ ဖြတ်တောက်ထားနိုင်ပြီ”ဟု ဗိုလ်နေကောင်းက ရှင်းပြသည်။
ဖယ်ခုံမြို့တွင် စစ်ကောင်စီ၏ ခမရ(၃၃၇)နှင့် ခမရ (၄၂၁)တပ်များ အခြေစိုက်ထားသည်။
မိုးဗြဲ ၁၁၁၁စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၈ခုနှင့် ဗျူဟာကုန်းတစ်ခုကို သိမ်းပိုက်ထားနိုင်ပြီး လက်နက်နှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိထားသည်။

Public Service Announcement
သို့သော် သိမ်းဆည်းရရှိထားသည့် လက်နက်များနှင့် စစ်သုံ့ပန်းအရေအတွက်ကိုမူ စစ်ဆင်ရေးပြီးဆုံးချိန်၌ ကြေညာမည်ဟုအသိပေးထားသည်။
