မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မိုးကုတ် – မန္တလေးလမ်းမပိုင်းတွင် ပျုစောထီးအဖွဲ့ဝင်များ လိုက်ပါလာသော ယာဥ်တစ်စီးအား PDFများက တိုက်ခိုက်ခဲ့ရာ ယာဥ်တိမ်းမှောက်ပြီး ထိခိုက်သေဆုံးမှုရှိကာ သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
အောက်တိုဘာ ၂ ရက် ညနေ ၄ နာရီခွဲခန့်က စဉ့်ကူးမြို့နယ်၏ ပျူစောထီးခေါင်းဆောင်မောင်နိုင်ဦးဆောင်သည့်အဖွဲ့လိုက်ပါလာသော ယာဥ်တစ်စီးအား ငွေတောင်ရွာနှင့်ညောင်ဝန်းကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

မိုင်းထိ၍ ယာဥ်တိမ်းမှောက်သွားပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူအုပ်စုထိခိုက်သေဆုံးမှုရှိပြီး လက်လုပ် တစ်လက်၊ ကာဘိုင်ကျည်ဘောက် တစ်ခုနှင့် ကာဘိုင်ကျည် ၂၀တောင့်တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း Singu Guerillas Force-SGF အဖွဲ့က အသိပေးသည်။
“မိုင်းဆွဲပြီးမှ ပစ်ခတ်တာ။ အရှည်၈လက်နဲ့ဝိုင်းဗျင်းတာ။”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ ယာဥ်ပေါ်တွင် ပျူစောထီး ခုနစ်ဦးပါရှိကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့မှ ဗိုလ်ကင်းက ပြောသည်။

Public Service Announcement
“ဒီနေ့စုံစမ်းတာ ခြောက်ဦးသေတယ်လို့ သိရတယ်။ ငနိုင်ကတော့ဆေးရုံမယ်။ မန္တလေးနဲ့ပြင်ဦးလွင်ဆေးရုံရောက်လားမသိဘူး”ဟု ဗိုလ်ကင်းကဆိုသည်။
စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းကလည်း မိုးကုတ် – မန္တလေးလမ်းပေါ်၌ အင်အား ၅၀ ကျော် ရှိသည့် ရေနံ့သာရဲစခန်းအား ဒေသတွင်းPDFများက Fixed Wing ဒရုန်းများဖြင့် သုံးကြိမ်တိုင် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။
