ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စခန်းငယ်တစ်ခုကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့၍ စခန်းကို စွန့်လွှတ်လိုက်ရကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာ ၂ရက် နံနက်အစောပိုင်း၌ တနိုင်းလမ်းရှိ ရှဒူးဇွပ် အခြေစိုက် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က KIA၏ ကနွယ်တူ တပ်စခန်းကို တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနအချို့၏ ဖော်ပြချက်ကို ဒေသခံက အတည်ပြုသည်။
“အခြေအနေက အဲဒီ စခန်းကို လာသိမ်းလိုက်တယ်လို့ပြောတယ်။ရှဒူးဇွပ်ထိုင် ပြည်သူ့စစ်တွေပေါ့။ မင်းဇေသန်းအဖွဲ့။ အထိအခိုက်တော့ မကြားမိဘူး။ ဒါပေ့မဲ့ လက်နက်တော့ လွတ်သွားတယ်တဲ့”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
အဆိုပါတပ်စခန်းသည် အင်အားအနည်းငယ်သာ ရှိသည့် စခန်းတစ်ခုဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
“စစ်ရေးအခြေအနေတော့ သိပ်တော့ တင်းမာတာတော့မရှိဘူး။ သူတို့က အလစ်အငိုက်ဝင်တိုက်ခိုက်လိုက်တဲ့သဘော။ စခန်းငယ်ပါပဲ။ လေးငါးခြောက်ယောက်လောက်ပဲနေတာ”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ယခင်ကလည်းKIAနှင့် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့အကြား အပြန်အလှန်တိုက်ခိုက်မှုများ ရှိခဲ့သည်။
