Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောအုပ်စုက ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

ရေယာဥ်အုပ်စုသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။

(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတားမှ အထက်သို့ဆန်တ​က်လာသော စစ်သင်္ဘောအုပ်စုက မြစ်ဘေးရှိ ကျေးရွာများအား ပစ်ခတ်နေ၍ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။

ယနေ့ (စက်တင်ဘာ ၃၀ရက်) နံနက် ၈နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအင်အား ၁၀၀ခန့် တင်ဆောင်လာသော စစ်သင်္ဘောတစ်စီးနှင့် ဖလက်ခွံရေယာဥ် ၈စီးသည် ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာခဲ့ကြောင်း မုံရွာ – အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ပြောသည်။

(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)

အဆိုပါ ရေယာဥ်များပေါ်ပါ စစ်ကောင်င်္စတပ်က လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်နေ၍ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“တအားကို ပစ်​တယ်။ လေးစီးမြောက်က အမြှောက်ပါတယ်။ လတ်နတ်ကြီးနဲ့ပစ်ပြီး ဆန်လာတာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သည် ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာအတွင်း ဝင်ရောက် ဖျက်ဆီးသွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ရေယာဥ်အုပ်စုသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။

(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)

လမ်းတလျှောက်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ထိခိုက်မှုများရှိနိုင်ပြီး အသေးစိတ်မသိရသေးဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

ထို့ကြောင့် မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ဂရုစိုက်နေထိုင်ရန်ကြနှင့် ခိုင်မာသော အကာအကွယ်များမရှိပါက ဘေးလွတ်ရာသို့ ခေတ္တရွှေ့ပြောင်းနေထိုင်ကြပါရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းကလည်း အလုံမင်းဒေါင့်ဆိပ်ကမ်းမှစုန်ဆင်းလာသော စစ်ကောင်စီ၏ ရေယာဥ် ၁၅ စီးအား ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။