တီးတိန်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် MA-3 သေနတ်နှစ်လက်နှင့်ကျည်တောင့် နှစ်ရာကျော် ယူဆောင်လာပြီး ပြည်သူနှင့် လာရောက်ပူးပေါင်းသည်ဟု PDF- Zoland က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားနှစ်ဦးသည် သြဂုတ်လ ၂၀ရက်က တာဝန်ချိန်အတွင်းလက်နက်ခဲယမ်းများယူဆောင်ကာ ထွက်ပြေးလာခြင်းဖြစ်သည်။
“သူတို့ စနစ်တကျဆက်သွယ်လာပြီး ပူးပေါင်းလာတာ။ ဆုကြေးလည်း ချီးမြှင့်လိုက်တယ်။ လွတ်မြောက်နယ်မြေလည်း ပို့လိုက်တယ်လို့ သိရတယ်။ တကယ်ပူးပေါင်းချင်ရင် လမ်းတွေ ဖွင့်ထားပါတယ်”ဟု တီးတိန်မြို့မှ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ရဲတပ်သားနှစ်ဦးက MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်တောင့် ၂၀၀ကျော် ယူဆောင်လာခဲ့ရာ ဆုကြေးငွေ ကျပ် ၁၀၀သိန်း ချီးမြှင့်ခဲ့သည်ဟု PDF- Zolandက သတင်းထုတ်ပြန်ထားသည်။
