စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မဈေး မှာ ဒီနေ့မနက်ပိုင်းဈေးဖွင့်ချိန် ပေါက်ကွဲမှုဖြစ်ရာ ကိုရင် ၁ပါးနဲ့ အရပ်သား ၇ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။
မနက် ၇ နာရီခွဲခန့်က ဈေးရဲ့ သားငါးတန်းကနေ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်တာလို့ ရွှေဘိုမြို့ခံ သတင်းရင်းမြစ်ထံက သိရပါတယ်။

စစ်တပ်ထောက်ခံအားပေးတဲ့ တယ်လီဂရမ်တွေမှာလည်း ရွှေဘိုမြို့မဈေး ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အမည်နဲ့ အသက်အရွယ်တွေ ဖော်ပြထားတာတွေ့ရပါတယ်။
အဲဒီတယ်လီဂရမ်တွေမှာ ဒဏ်ရာရသူတွေရဲ့ ဓာတ်ပုံတွေကို တင်ထားပြီး ကိုရင် ၁ပါး ၊ အမျိုးသမီး ၅ ဦး နဲ့အမျိုးသား ၂ ဦး တို့ ကိုတွေ့ရပါတယ်။
ဒဏ်ရာရသူအမျိုးသမီးတွေထဲမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်လည်းပါဝင်တယ်လို့ ဆိုထားပါတယ်။
