▪︎တစ်ဦးသေဆုံးပြီး တစ်ဦးကိုသေနတ်တစ်လက်ဖြင့်ဖမ်းမိ
ဝန်းသိုမြို့အခြေစိုက်စစ်ကောင်စီတပ်မှစစ်သားနှစ်ဦးက ကောလင်းမြို့ပေါ်တွင် အရပ်သားယောင်ဟန်ဆောင်၍ ဓားပြတိုက်နေသည်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိကြောင်း ဒေသခံအချို့နှင့် PDFများကပြောသည်။
ဝန်းသိုမြို့မှ စစ်ကောင်စီခြေမြန်တပ်ရင်း-ခမရ( ၁၁၁ )နှင့် ခြေမြန်တပ်ရင်း-ခမရ (၁၂၀) မှ တပ်သားနှစ်ဦးသည် ဇူလိုင်လ ၁၄ရက်က ကသာမြို့အဝင်ဂိတ်အနီးတွင်လူငယ်တစ်ဦးအား သေနတ်ပြ၍ ဓားပြတိုက်ရန် ကြိုးစားနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“လူရည်သန့်လူငယ်တစ်ယောက်ကိုလုပ်သေနတ်တွေပြပြီး ဓားပြတိုက်နေတာ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကင်းပုန်းနဲ့ ထိပ်တိုက်တွေ့တာ။ ဝန်းသို ၁၁၁ က တစ်ယောက်၊ ၁၂၀က တစ်ယောက်” ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဝန်းသိုမြို့၊ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၁၁ မှတပ်သားရွှေလျှံထွန်းဆိုသူသည် PDFများကဖမ်းဆီးစဉ် ပစ်ခတ်ထွက်ပြေးရန်ကြိုးစားသောကြောင့် အသေဖမ်းဆီးခဲ့ရသည်ဟုဆိုသည်။ခြေမြန်တပ်ရင်း ၁၂၀မှ တပ်သားဟန်ဝင်းအောင်ကို အရှင်ဖမ်းမိပြီး လက်လုပ်သေနတ်တစ်လက်၊ဖုန်းနှစ်လုံး၊ဆိုင်ကယ်တစ်စီးကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်သည်။
“စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်နေတာ။ အခုဖမ်းမိတယ်ကြားတော့ သတင်းကောင်းဗျ။ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ မြို့ပတ်ဝန်းကျင်အထိ နယ်မြေစိုးမိုးမှုရလာပြီဆိုတဲ့သဘောပဲ’ဟုကောလင်းမြို့ခံတစ်ဦးကပြောသည်။
၄င်းတို့နှစ်ဦးကိုအမိန့်ပေးစေခိုင်းသူမှာဝန်းသို ခမရ ၁၁၁မှ ဗိုလ်ဝင်းထွန်းဆိုသူဖြစ်ပြီး ၎င်းသည်လက်ရှိတွင်ကောလင်းထွေအုပ်နှင့်ဆေးရုံတွင်လုံခြုံရေးတာဝန်ကျနေကြောင်း လည်းထုတ်ပြန်ထားချက်တွင်ဖော်ပြထားသည်။
ဓားပြတိုက်ရန် ကြိုးစားနေသည့် စစ်ခေါင်းစီတပ်ဖွဲ့ဝင်နှစ်ဦးအား ဖမ်းဆီးခဲ့သည့် မစ်ရှင်အား ကောလင်းမြို့နယ်ပကဖနှင့်The Secret warrier KawLinတို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
