Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖား​ဆောင်းမြို့နယ်၊​ ကျောက်ပဲညိုရွာကိုစစ်ကောင်စီတပ် ကတိုက်​လေယာဥ်ဖြင့်ဗုံးကျဲ

စစ်ကောင်စီ၏ တိုက်လေယာဥ်ဖြင့် ဗုံး ၈ လုံးထက်မနည်း ကျဲချမှုအတွင်း ထိခိုက်မှုမရှိခဲ့ဟု ဖားဆောင်း PDF တာဝန်ရှိသူက အသိပေးသည်။

(စစ်​ကောင်စီတပ်က ဇူလိုင် ၉ ရက်နေ့လည်ပိုင်းတွင် ကျောက်ပဲညိုရွာကိုဗုံးကျဲတိုက်ခိုက်စဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ဇူလိုင် ၉ ရက်နေ့လည်ပိုင်းတွင် ကျောက်ပဲညိုရွာကိုဗုံးကျဲတိုက်ခိုက်စဥ်။ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၊ ကျောက်ပဲညို ကျေးရွာ ကို စစ်ကောင်စီက ယ​နေ့တွင်တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဖားဆောင်းမြို့၏ အရှေ့ဘက်ခြမ်းတွင်ရှိသော ကျောက်ပဲ ညိုရွာကို ယနေ့(ဇူလိုင် ၉ ရက်) နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်က တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကျဲခဲ့ခြင်းဖြစ်သည်။

“သူတို့ ထိုးစစ်မဝင်နိုင်လို့ ရွာကို လေကြောင်းသုံးပြီး ဗုံးကျဲတာ။ဒေသခံတွေကတော့ အကုန်စစ်ရှောင်ထားတာ နှစ်ပတ်ကျော်လောက်ရှိပြီ။နေအိမ်ပျက်စီးမှုတော့ ရှိပေမယ့် အသေးစိတ်တော့မသိရသေးဘူး”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ တိုက်လေယာဥ်ဖြင့် ဗုံး ၈ လုံးထက်မနည်း ကျဲချမှုအတွင်း ထိခိုက်မှုမရှိခဲ့ဟု ဖားဆောင်း PDF တာဝန်ရှိသူက အသိပေးသည်။

Public Service Announcement
Public Service Announcement

“ထိခိုက်မှု မရှိဘူး။စစ်ရေးအရတော့ အချိန်မရွေးဆက်ဖြစ်နိုင်တယ်။စစ် ကောင်စီဘက်က ဖားဆောင်းသံလွင်တံတားမယ်စဲ့ ဘက်ခြမ်းကို ဝင်ရောက်ဖို့ ကြိုးစားနေသလို ကျွန်တော် တို့ဘက်ကလည်း တားဆီးထားတယ်။ဘယ်အချိန်ဘာထဖြစ်မလဲ ဆိုတာ ပြောလို့မရတဲ့ အနေအထားပေါ့”ဟု ၎င်းက People’s Springသို့ ပြောသည်။

မယ်စဲ့မြို့ကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားပြီး နောက်ပိုင်း စစ်ကြောင်းထိုးလာသော တပ်မ ၄၄ လက် အောက်ခံတပ်ရင်းများကို ဖားဆောင်းပြည်သူ့ကာ ကွယ် ရေးတပ် ၊ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်၊Loikaw PDFနှင့် EAO အဖွဲ့နှစ်ဖွဲ့ ပူးပါင်းထား​သောတော် လှန်ရေးရဲဘော်များက ပူးပေါင်းတိုက်ခိုက်နေသည်။