Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်း ယနေ့နံနက် ငလျင်လှုပ်ခတ်

ငလျင်သည် မြေအနက် ၁၀ ကီလိုမီတာခန့်တွင်ဗဟိုပြု၍ ယနေ့(ဇွန်လ ၂၁ရက်) ၉နာရီ ၁၇မိနစ်တွင် လှုပ်ရှားခြင်းဟု ထုတ်ပြန်ထားသည်။

ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်း ယနေ့နံနက် ငလျင်လှုပ်ခတ်
ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်း ယနေ့နံနက် ငလျင်လှုပ်ခတ်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်း ယနေ့နံနက် ၉နာရီကျော်က ရစ်ခ်ျတာစကေး ၄ဒဿမ ၇အဆင့်ငလျင်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာန USGS က သတင်းထုတ်သည်။

ငလျင်သည် မြေအနက် ၁၀ ကီလိုမီတာခန့်တွင်ဗဟိုပြု၍ ယနေ့(ဇွန်လ ၂၁ရက်) ၉နာရီ ၁၇မိနစ်တွင် လှုပ်ရှားခြင်းဟု ထုတ်ပြန်ထားသည်။

“ငလျင်က မသိလိုက်ဘူး။ ဒါပေမယ့် ငလျင်သတင်းကြားတော့ ကြောက်တယ်။ အင်အားပြင်းပြင်း မလှုပ်ဖို့ပဲ ဆုတောင်းနေရတာပဲ”ဟု ဖျာပုံမြို့ခံတစ်ဦးကပြောသည်။

ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်း သုံးရက်အတွင်း နှစ်ကြိမ်မြောက်လှုပ်ခြင်းဖြစ်သည်။ ဇွန်လ ၁၉ ရက် ၈ နာရီခန့်ကလည်း ရစ်ခ်ျတာစကေး ၅ဒဿမ ၄ အဆင့်ငလျင်လှုပ်ခဲ့သည်။

ဧရာဝတီတိုင်းအတွင်း ရန်ကုန်မြိုနှင့် ထိစပ်နေသော မြို့နယ်အချို့တွင် ငလျင်လှုပ်ရှားမှု မကြာခဏ ဖြစ်နေသည်။ပြီးခဲ့သည့် ဇွန်လ ၇ရက်က မအူပင်မြို့တွင် အင်အားရစ်ချ်တာစကေး ၄ဒဿမ၈အဆင့် လှုပ်ခတ်ခဲ့ပြီး မြို့ပေါ်မှ အဆောက်အဦအချို့ ပြိုကျပျက်စီးခဲ့သည်။ မအူပင်မြို့၊မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အဆောက်အဦးတစ်ခုပြိုကျရာ သီလရှင်တစ်ပါးနှင့်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။