မိုခါဆိုင်ကလုန်းမုန်တိုင်းဟာရခိုင်ကမ်းရိုးတနွးကိုဖြတ်ကျော်ဝင်ရောက်ပြီး ကုန်တွင်းမုန်တိုင်းအဖြစ် တိုက်ခတ်ပြီးတဲ့နောက် အင်အားလျော့ကျလာခဲ့ရာကနေ နာရီအနည်းငယ်အတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းပြီးအားပျော့ပျက်ပြယ်တော့မယ်လို့ အိန္ဒိယမိုးလက ထုတ်ပြန်ပါတယ် ။
အခုအခါမှာမုန်တိုင်းငယ်ဟာ စစ်တွေမြို့ရဲ့ အခြေမြောက်ဘက် မိုင် ၄၁၀ အကွာ ၊ညောင်ဦးမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၆၀ အကွာ၊ နေပြည်တော်ရဲ့ မြောက်၊အရှေ့မြောက်ဘက် ၃၅၄ မိုင်ကျော်အကွာ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နဲ့ နမ့်ခမ်းကြားမှာရှိနေပါတယ်။မုန်တိုင်းငယ်ဟာဆက်လက်အားလျော့နည်းလာရင်း နောက်နာရီအနည်းငယ်အတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ကနေ ပျက်ပြယ်သွားလိမ့်မယ်လို့ IMD ကဒီနေ့မနက်မှာခန့်မှန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနဲ့သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာ(MOHADM)က မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်း၊မကွေး၊ မန္တလေးတ၊ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့ကို နာရီအတော်အသင့်ကြာအောင်ဖြတ်သန်းခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံမြောက်ပိုင်းနယ်မြေများပေါ်တွင် ဒီနေ့ နံနက်ပိုင်းမှာ အားပျော့ပျက်ပြယ်သွားပြီလို့ထုတ်ပြန်ပါတယ် ။
