မိုခါ(မိုချာ)ဆိုင်ကလုန်းမုန်တိုင်းသည် အားအလွန်ကောင်သောမုန်တိုင်းအဖြစ် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်ရှိနေပြီး မေ ၁၄ ရက်(တနဂါ်နွေနေ့)မြန်မာနှင့် ဘင်္ဂလားဒေရှ်ကြားမှ ရခိုင်ကမ်းရိုးတန်း ဖြတ်ကျော်ချိန်တွင် တစ်နာရီလေတိုက်နှုန်း အမြင့်ဆုံး ၁၁၀ ခန့်အထိရှိနိုင်ကြောင်းနိုင်ငံတကာမုန်တိုင်းစောင့်ကြည့်သတိပေးသောဌာနနှင့်မိုးဇလ တို့ကယနေ့ ခန့်မှန်းသည်။
အမေရီကန်ရေတပ်၏ မုန်တိုင်းစောင့်ကြည့်သတိပေးသောဌာန ဖြစ်သောJTWC(Join Typhoon Warning Centre)ကမြန်မာနှင့် ဘင်္ဂလားဒေရှ် ကမ်းရိုးတန်းများကိုဖြတ်ကျော်တိုက်ခတ်ချိန်တွင် တစ်နာရီလေတိုက်နှုန်း မိုင် ၁၁၀ ခန့် (၁၀၉. ၂၅)အထိ့ရှိနိုင်ကြောင်းယနေ့ထုတ်ပြန်သည်။
အလားတူ အမေရီကန်အခြေစိုက် မိုးဇလ ခန့်မှန်းရေးဌာနဖြစ်သော Wundergroundက လည်း ကမ်းရိုးတန်းကိုဖြတ်ကျော်တိုက်ခတ်ချိန်တွင် တစ်နာရီလျှင် မိုင် ၁၁၀ နှုန်းဖြင့်တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။


အိန္ဒိယမိုးဇလ(IMD)ကလည်း မေ ၁၄ ရက်နေ့ခင်းပိုင်းတွင် မြန်မာနိုင်ငံကျောက်ဖြူ မြို့နှင့် ဘင်္ဂလားဒေရှိနိုင်ငံ ကော့ဘဇာတို့ကြားမှ ကုန်းတွင်းပိုင်းဖြတ်သန်းချိန်တွင် တစ်နာရီလျှင် အနိမ့်ဆုံးလေတိုက်နှုန်း ၉၃ မိုင်မှအမြင့်ဆုံး ၁၀၉ မိုင်ခန့်( ၁၀၈ .၇၄ မိုင်)ဖြင့်တိုက်ခတ်နိုင်ကြောင်းယနေ့ညနေပိုင်းတွင်ထုတ်ပြန်သည်။
ယခုအခါ မုန်တိုင်းသည် စစ်တွေမြို့၏တောင်-အနောက်တောင်ဘက် ၅၁၅ မိုင်ခန့်အကွာ ၊ ကော့ဘဇာ မြို့၏ တောင် ၊အနောက်တောင်ဘက် ၅၆၀ ခန့်အကွာ ဘင်္ဂလားပင်လယ်အော် တွင်ရှိနေပြီး မြောက် ၊အရှေ့မြာက်အရပ်သို့ရွေ့လျားနေသည်။ ဆိုင်ကလုန်းမုန်းတိုင်းသည် ယနေ့ည နှင့်မေ ၁၃ ရက်တွင် ပို၍ အားကောင်းလာမည်ဖြစ်ပြီး ယခုအခြေအနေမှာပင် မုန်တိုင်းမျက်စီ ဖြစ်ပေါ်လုနီးပါးအားကောင်းနေသည်ကို အန္ဒိယမိုးဇလ ၏ ဂြိုဟ်တုပုံရိပ်တွင်တွေ့ရသည်။

မေ ၁၄ ရက်နေ့ခင်းပိုင်းတွင် ကျောက်ဖြူမြို့နှင့် ကော့ဘဇာ မြို့ကြားမှ ( ရခိုင်ကမ်းရိုးတန်းကို အဓိကဦးတည်၍) တစ်နာရီလျှင် လေတိုက်နှုန်းအနိမ့်ဆုံး ၉၃ မိုင်မှအမြင့်ဆုံး ၁၀၉ မိုင်ခန့်( ၁၀၈ .၇၄ မိုင်)ဖြင့်တိုက်ခတ်နိုင်ကြောင်း အိန္ဒိယမိုးဇလကခန့်မှန်းထားသည်။မုန်တိုင်းခန့်မှန်းချက်အများစုသည် ဦးတည်ရာ နှင့် ကမ်းခြေဖြတ်သန်းချိန် တို့တွင် ယခုအချိန်ထိအပြောင်းအလဲ များစွာမရှိသော်လည်း လေတိုက်နှုန်းမှာယခင်ရက်များခန့်မှန်းထားသည်ထက် ပိုများလာသည်ကိုတွေ့ရသည်။
သို့သော်အဆိုပါလေတိုက်နှုန်းနှင့်တိုက်ခတ်ခဲ့ပါကလျှင် ၂၀၀၈ မေလ ၂ ရက်ကတိုက်ခတ်ခဲ့သောနာဂစ်မုန်တိုင်းထက် အင်အားများစွာလျော့ပြီး နာဂစ်မုန်တိုင်းသည် လေတိုက်နှုန်းအမြင့်ဆုံးအချိန်တွင် ၁ နာရီလျှင် မိုင် ၁၃၀ ကျော် (၂၁၅ ကီလိုမီတာကျော်) နှုန်းဖြင့်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင်၂၀၁၀ အောက်တိုဘာ ၂၂ ရက်ကတိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းထက်လည်းအားနည်းပြီး ဂီရိမုန်တိုင်းမှာ တစ်နာရီလေတိုက်နှုန်း အမြင့်ဆုံအချိန်တွင် မိုင် ၁၂၀( ၁၉၅ ကီလိုမီတာ )နှုန်းရှိခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေူနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကခန့်မှန်းရာတွင် မုန်တိုင်းသည်မေလ၁၄ရက်နေ့၊ ညသန်ခေါင်းယံအချိန်တွင် ရခိုင်ကမ်းရိုးတန်းကို မောင်တောမြို့နှင့် စစ်တွမြို့ကြား(ကျောက်ပန္ဒူရွာအနီး)မှ ဖြတ်ကျော်ဝင်ရောက်နိုင် ပြီးရခိုင်တောင်တန်းများကြောင့် ကမ်းဖြတ်ခါနီးတွင် မုန်တိုင်းအင်အား(၂)ဆင့်ခန့် လျော့ကျ သွားနိုင်ကာ လေတိုက်နှုန်းမှာ အများဆုံး ၇၀မှ၇၅မိုင်ခန့်နှုန်းဖြင့် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

မုန်တိုင်ဒီရေများလည်း တက်နိုင်ပြီး စစ်တွေတွင်မုန်တိုင်းဒီရေ ၁၂ပေ၊စစ်တွေနှင့်ကျောက်ဖြူကြားတွင် မုန်တိုင်းဒီရေအမြင့်၁၄ပေမှ၁၆ပေ ၊ကျောက်ဖြူနှင့်ရမ်းဗြဲကြားတွင်မုန်တိုင်းဒီရေအမြင့် ၆ပေမှ၈ ပေ အထိမြင့်တက်နိုင်သည်ဟုMOHADMကခန့်မှန်းထားသည်။
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းမိုးသည်းထန်စွာရာသွန်းခြင်း ၊ လေပြင်းတိုက်ခတ်ခြင်း များကြုံနိုင်ကြောင်းမိုးဇလ ဌာနများကခနိ့မှန်းထားသည်။မိုးသည်ထန်စွာရွာသွန်းခြင်းနှင့်အတူ ရုတ်တရက်ရေကြီးခြင် ၊မြေပြိုခြင်းစသော သဘာဝဘေးအန္တရာယ်များကိုသတိထားရန်လိုသည်။

အားကောင်းသည့်မုန်တိုင်းအရှိန်ကြောင့် မကွေး တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိနောက် ၂၄ တိုက်ခတ်နိုင်သည်ဟု စစ်ကောင်စီလက်အောက်ရှိ မိုးဇလက ခန့်မှန်းထားသည်။
ရခိုင်နှင့် ဧရာဝတီကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း ပိုမိုပြင်းထန်မည်ဟု မိုးဇလ ဌာနများကခန့်မှန်းထားသည်။
