ဖယ်ခုံမြို့ အခြေစိုက် ခမရ(၃၃၆)တပ်ရင်းရှေ့ရှိ ပျူစောထီးခေါင်းဆောင်၏ နေအိမ်အား ဝင်ရောက်စီးနင်းရာ လက်ပစ်ဗုံးနှင့် နင်းမိုင်းများအပါအဝင် လျှို့ဝှက်မှတ်တမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း BPDF လွိုင်ကော်တာဝန်ခံ တာဝန်ရှိသူက ပြောသည်။
ဖယ်ခုံမြို့ လျှို့ဝှက်ဒလန်ရှင်းလင်းရေးအဖွဲ့က ခိုင်မာသောသတင်းရရှိမှုကြောင့် ညောင်ကုန်း (၅) ရပ်ကွက်၊ ခမရ (၃၃၆)တပ်ရင်းရှေ့ရှိ ပျူစောထီးခေါင်းဆောင် ဘစိုင်း(ခ) ထူးခန့်မျိုးနောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည်ဟု ဆိုသည်။

“ပျူစောထီးခေါင်းဆောင်းက ထွက်ပြေးသွားတယ်။သူ့မိန်းမက ကိုယ်ဝန်နဲ့မို့ မသတ်ခဲ့ဘူး။ ဒါပေမယ့် စောင့်ကြည့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
နေအိမ်တွင်းရှာဖွေမှု၌ လက်ပစ်ဗုံး ၁၁လုံး ၊နင်းမိုင်း နှစ်လုံး၊မှတ်တမ်းကင်မရာတစ်လုံး၊CCTV သုံးလုံး၊ ကွန်ပျူတာတစ်လုံး၊ငွေသား ၁၂ သိန်းနှင့် မြေဂရမ်တစ်ခုကို သိမ်းဆည်းနိုင်ခဲ့သည်။
လျှို့ဝှက်မှတ်တမ်းမှရရှိထားသည့် ဖယ်ခုံမြို့အတွင်းရှိ ပျူစောထီးများ၏ အချက်အလက်ကို အခြေအနေပေါ်မူတည်၍ ဆက်လက်ထုတ်ပြန်သွားမည်ဟု BPDFက အသိပေးသည်။
BPDF လွိုင်ကော်နှင့် လျှိုဝှက်ဒလန်ရှင်းလင်းရေးလွိုင်ကော်အဖွဲ့တို့က ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ၊ပျူစောထီနှင့်ပတ်သက်သောအချက်အလက်များစွာရရှိခဲ့ကြောင်း သတင်းဓာတ်ပုံနှင့်တစ်ကွ အသိပေးသည်။
