မြန်မာနှစ်ဆန်းတစ်ရက်နေ့က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ထဲက စမုံမြစ်ထဲ ရေဆင်းချိုးတဲ့ အမျိုးသား ၄ ဦး ရေနစ်သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကသိရပါတယ်။
စမုံမြစ်ဟာ ကျောက်ဆည်မြို့နယ် ၊ကောင်းတင်ရွာထိပ်မှာရှိပြီး မနေ့က ညနေဘက် ၃ နာရီဝန်းကျင်မှာအခင်းဖြစ်ပွားတာပါ။
“မြို့ပေါ်ကနေ လည်ပြီးပြန်လာတာ၊ ရွာရောက်ခါနီး ရေဆင်းချိုးရာကနေ နစ်သွားတာ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။
ရေနစ်သူတွေကို ၃ နာရီခန့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ပြီး ညနေ ၆ နာရီမှာ အလောင်းတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၂၀ ကနေ ၂၅ နှစ်ဝန်းကျင်လူငယ်တွေဖြစ်ပြီး ကောင်းတင်ရွာ ဒေသခံတွေဖြစ်ကြပါတယ်။
