▪︎တိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်အထိနာနေသော
ကရင်နီပြည်တွင်ယခုလုပ်ရပ်မှာအားနည်းကြောင်းပိုသိ့သာစေသော်လည်း ၊စိတ်ဓါတ်စစ်ဆင်ရေးဖြစ်နိုင်၍သတိပြုကြရန် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးပြော
စစ်ရေးပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်၊ မြို့တော် လွိုင်ကော်မြို့တွင် စစ်ကောင်စီက တပ်သား သစ်များ အလိုရှိကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေနေသည်ဟု ဒေသခံများက ပြောသည်။
ယနေ့(ဧပြီ ၉ ရက်)က နေ့လည်ပိုင်းကစ၍ လွိုင်ကော်မြို့နောင်ယားကန်ဒေါင့်၌ စစ်ကောင်စီတပ်က အင်အားအများအ ပြားဖြင့်”တပ် မတော်မှ အလိုရှိသည်” ဆိုသော စာစောင်များကို လမ်းသွားလမ်းလာများကိုဖြန့်ဝေနေခြင်းဖြစ်သည်။
“ပထမ တော့ ဆိုင်ကယ်လှမ်းတားလို့ ရပ်လိုက်တာ။ ပြီးတော့ လက်ကမ်းစာစောင်ပေးတယ်။ကျွန်တော်လည်း အခြေအနေအရ ယူလာတယ်။ဖတ်လိုက်တော့ တပ်မတော် က သူ့ကို အလိုရှိသည်တဲ့။အဲဒါကြောင့် လမ်းမှာလွှတ်ပစ်လိုက်တာ”ဟု လွိုင်ကော် မြို့နေ အမျိုးသားတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။
စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းရေး အခြေ အနေအရ တရားစခန်းရိပ်သာ ပင် ဖွင့်နိုင်ကြောင်းလည်း တပ်တွင်းသတင်းရင်းမြစ်က အသိပေးသည်။

“အရင်(အာဏာမသိမ်းခင်)ကဆိုတစ်လ ၁၀ ယောက် လောက်က တပ်သားသစ်ပုံမှန်ရှိတယ်။အခုက ပိုက်ဆံဘယ်လောက်ပေးမယ် ပြောပြော ဝင်လာတဲ့သူ မရှိဘူး။တစ်ယောက်ရှိရင်ကို တပ်ရင်းမှူးအဆင့်က ပျော်နေရတာ”ဟု တပ်မ ၇၇ လက်အောက်ခံ စစ်ကောင်စီတပ်သားတစ်ဦးက People’s Springသို့ ပြောသည်။
သို့သော်စစ်ကောင်စီက တိုက်ပွဲပြင်းထန်နေသော ကရင်နီပြည်နယ် တွင် ယခုကဲ့သို့ စစ်သားသစ်စုဆောင်းနေမှုမှာတပ်တွင်း အင်အားပျက်နေသည်ဟုသုံးသပ်နိုင်သော်လည်း စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခြင်းမျိုးလည်း ဖြစ်နိုင်သည်ဟုကရင်နီပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“လွိုင်ကော်မြို့တွင်းက တော့ ကျွန်တော်တို့ အခြေ အနေ အရ မတိုက်သေးတာ။ဒါပေမယ့် အခု လိုလုပ် ရပ်ကတော့ သူတို့ အားနည်းနေတယ်ဆိုတာ ထင်ရှား တယ်။အရင်က စစ်တပ်ရဲ့ လူသစ်စုဆောင်းတာမျိုးက မက်လုံးပေးတာ။ဒါမှမဟုတ် ခြိမ်းခြောက်ခေါ်တာကို။ တစ်ခုသတိထားရမှာလည်း သူတို့ရဲ့ စိတ်ဓာတ်စစ် ဆင်းရေးမျိုးဖြစ်နိုင်တယ်။ဒါပေမယ့်လို ပြည်သူလူထုအနေနဲ့ သတိထားကြဖို့လိုတယ်”ဟု ၎င်းက ရှင်းပြသည်။
ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ(ကယား) ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် စစ်သားထောင်ချီအသုံးပြု၍အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။
မြေပြင်စစ်ရေးသတင်းများအရ စကခ ၂ လက် အောက်ခံအရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) မှ တပ်ရင်းများအပါအဝင် တပ်မ ၅၅ ၊၆၆၊ ၇၇၊ ၉၉ နှင့် ၂၂ မှ အင်အား ၂,၀၀၀ ထက်မနည်း ကရင်နီစစ်ဆင်ရေးအတွက် ရောက်ရှိနေပြီး စုစုပေါင်း စစ်ကောင်စီတပ်သား ၅,၀၀၀ ကျော် ကရင်နီသို့ ရောက်ရှိနေကြောင်း သိရသည်။
လက်ရှိ ပင်လောင်း တောင်မဲသင်း တိုက်ပွဲ၊ ဖယ်ခုံ ကုရင်းကျေးရွာတိုက်ပွဲ၊မိုးဗြဲ တိုက်ပွဲ နှင့် ဒီးမော့ဆို ဒေါတမကြီး၊တနီးလာလဲ တိုက်ပွဲများမှာ စစ်ကောင်စီ တပ်ရင်း လိုက် သေဆုံးမှုများရှိခဲ့ပြီး မတ်လအတွင်းမှာပင်စစ်သား ၃၀၀ ခန့်သေဆုံးခဲ့ကြောင်း KNDF ကထုတ်ပြန်ထားသည်။ ထိုအပြင်စစ်ကောင်စီ တပ်သားအရှင် ၁၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသိ့ရသည်။
ကရင်နီပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို ကရင်နီတော်လှန်ရေးတပ်များကစိုးမိုးထားပြီး ၊စစ်ကောင်စီက မြို့ပေါ် ဧရိယာ ၂၀ ခန့်ကို စိုးမိုးထားကာ ၊ကျန်ဧရီယာ ၂၀ ရာခိုင်နှုန်းမှာ မည်သာ့်ဘက်ကမှ မစိုးမိုးနိုင်သေးသော စစ်မြေပြင်များဖြစ်ကြောင်း KNDF ခေါင်းဆောင်များကပြောသည်။
