ချင်းပြည်နယ် မတူပီ – ပလက်၀လမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲံကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)မှတာဝန်ရှိသူကပြောသည်။
ခလရ(၃၀၄) တပ်မှ မတူပီ – ပလက်၀ လမ်းပေါ်ရှိ ထယ်ဘွေးတပ်စခန်းသို့ စားနပ်ရိက္ခာနှင့် တပ်အင်အားဖြည့်ရန်လာသည့် ကား ၃စီးကို မတ်လ ၂၀ ရက်နှင့် မတ်လ ၂၁ရက်တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“မတ်၂၀ ရက်မှာ မတူပီမြိုကနေထယ်ဘွေးစခန်းကို စစ်ကား၃စီးနှင့် စကစအင်းအား၈၀ ခန့်ထွက်သွားကြတယ်။
မတူပီမှ ၇မိုင်အကွာမှာ ကျွန်တော်တိုနဲ့ ၁ကြိမ်ထိတွေ့ပြီးကျွန်တော်တို ပြန်လည်ဆုတ်ပေးတယ်။ ပြီးတော့ ၉ မိုင်မှာ တစ်ကြိမ်ပြန်လည်ထိတွေ့မှူရှိတယ်။ အဲညမှာဘဲ စကစတွေက ၉မိုင်မှာ ညအိပ်တယ် မတ်၂၁ရက်မှာကြတော့ ၁၂မိုင်(တွီးရှစ်)ရွာအဝင်မှာ ပြန်လည်ထိတွေ့မှုဖြစ်တယ်။”ဟု ချင်းပြည်ကာကွယ်ရေးတပ်-CDF-မတူပီတာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။
ဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က ၁၂ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းCDF-မတူပီက ထုတ်ပြန်သည်။
စစ်ကားတန်းမှ ဆက်လက်ထွက်ခွာဦးမည်ဖြစ်ပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းလည်း အထက်ပါတာဝန်ရှိသူကပြောသည်။
“ဖုန်းလိုင်း အဆင်မပြေတာကြောင့် သတင်းက ချက်ချင်းရနိုင်ဖို့ မလွယ်ဘူး”ဟု ၎င်းကဆက်ပြောသည်။
မတူပီ – ဟားခါးလမ်းတွင် တပ်ချထားသော ဗျူဟာ တပ်စခန်းမှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့၍ မတူပီ -ပလက်၀ လမ်းပေါ်ရှိ ၀လီပီရွာ၌ လက်နက်ကြီးကျည်များ ပေါက်ကွဲခဲ့ကြောင်း၊ မတူပီ CDF ရဲဘော်များနှင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း ဖော်ပြသည်။
မတူပီ CDF အနေဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲများ ဆက်လက် ဝင်နိုင်ရန် အတွက် လိုအပ်သည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဝယ်ယူနိုင်ရန် ပြည်သူများ တက်နိုင်သည့်ဘက်မှ ဆက်လက်ပါဝင်လှူဒါန်းပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
မတ်လ ၁၄ရက်ကလည်း မတူပီ – ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။
