ကျေးရွာများ လက်နက်ကြီးနှင့်ပစ်ခတ်နေသော တနသာ်ရီတိုင်း ၊ ပုလောမြို့နယ် ၊ပလမြို့ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသွားရောက်တိုက်ခိုက်ခဲ့ကြောင်း PDFများကပြောသည်။
စစ်ကောင်စီတပ်များသည် ပလမြို့ရဲစခန်းမှ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ထို့နောက် ဒေသခံပြည့်သူ့ကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၂၁ ရက်နေလည် ၁၂ နာရီခန့်က အဆိုပါရဲစခန်းသို့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခဲ့ပြီးနောက် ပလမြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။
ပလမြို့မှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ပုလောမြို့နယ် မြိတ်ခရိုင်တပ်ရင်း (၁ )လက်အာက်မှ တပ်ဖွဲ့ဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူကပြောသည်။
ပြည်သူများထိခိုက်သေဆုံးမှုကို မခံနိုင်၍ ဒေသခံကာကွယ်ရေးတပ်များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံPDFများကပြောသည်။
ရဲစခန်းကိုသွားရောက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကိုမူမသိရှိရကြောင်း ဒေသခံများကပြောသည်။
ဒီဇင်ဘာ ၉ ရက်ကလည်း ပလရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
