စစ်ကောင်စီနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမရှိချိန်တွင် ဆောမြို့နယ်မှ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များက ဒေသတွင်း ကျေးရွာချင်းဆက်တံတားကို ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။
ဆောမြို့နယ်အတွင်း အသုံးပြုသူများသည့် ကျေးရွာချင်းဆက် တံတားတစ်ခုကို The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်ရဲဘော်များက ယနေ့(သြဂုတ် ၉ရက်)တွင် ပြင်ဆင်ပေးခဲ့ကြခြင်း ဖြစ်သည်။

“တိုက်ပွဲမဖြစ်ချိန်မှာ ဒေသဖွဲ့ဖြိုးရေးကို ကျွန်တော်တို့ လုပ်နေကြတာ။ ဒီလိုပဲ အလျဥ်းသင့်သလို အမြဲလုပ်နေမှာပါ”ဟု The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဆောမြို့အပါအဝင် ယောဒေသသည် စစ်အာအာဏာရှင် တော်လှန်ရေးတွင် စနစ်တကျရှိပြီး စစ်ကောင်စီအား အရှိန်မြှင့်တိုက်ခိုက်နေသည်။ တစ်ဖက်တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်နေကြသည်။

စစ်ကောင်စီတပ်က အုပ်ချုပ်၍မရအောင် တော်လှန်ရေးအားကောင်းနေသည့် ယောဒေသတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို အောင်မြင်စွာ အကောင် အထည်ဖော်နေကြောင်း ထီးလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YDF – Htilin)က သြဂုတ် ၅ရက်တွင် ဓာတ်ပုံမှတ်တမ်းများနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။
