မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတို့ကို ယမန်နေ့ညက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Myingyan People Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (သြဂုတ် ၃ရက်) ည၇နာရီခန့်က မြင်းခြံမြို့နယ်ကျောက်ပြုတ်ရွာနှင့် လယ်သစ်ရွာကြား၌ ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်နှင့်လယ်သစ်ရွာသား၊ စစ်ကောင်စီသတင်းပေး၊ လက်နက်ကိုင် ပျူစောထီး မောင်နိုင်တို့အား ရင်ဘက်လေးချက်စီ ပစ်ခတ်ကာသုတ်သင်ရှင်းလင်းခဲ့ကြောင်း မြင်းခြံ PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရှင်းလင်းသုတ်သင်ရာတွင် ဗုံးသီးတစ်လုံး၊ ဓားဆူးတစ်ချောင်း၊ လေးခွတစ်လတ် သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံ PDFက အသိပေးသည်။
ထုတ်ပြန်ချက်မှန်ကန်ကြောင်း မြင်းခြံ PDFက အတည်ပြုပြီး အသေးစိတ်ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဇူလိုင်၂၉ ရက်ကလည်း မြင်းခြံမြို့နယ် စံပြကျေးရွာတွင် စကစခန့်အုပ်ကြီး၏ သက်တော်စောင့် ပျူတစ်ဦးကို မြင်းခြံခရိုင် တပ်ရင်း (၄) Natogyi People Defence Force မှ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်နှင့်ကျည်အချို့ သိမ်းဆည်းရမိခဲ့သည်။
