မကွေးတိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများထံ သွားရောက်၍ ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ကြောင်း Phoenix Defence Battalion- PDB (YDF တပ်ရင်း -၄)က ယနေ့(ဇူလိုင် ၃၀ ရက်) ထုတ်ပြန်သည်။
YDF တပ်ရင်း (၁၊၂၊၃) နှင့် (၄)တို့ ပူးပေါင်းကာ ဂန့်ဂေါမြောက်ပိုင်းရှိ စန်းမြို့ကျေးရွာ စစ်ဘေးရှောင် ပြည်သူ ၁၄၀ ကျော်အား ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု သွားရောက်ကူညီပေးနိုင်ခဲ့ သည်ဟု ဆိုသည်။




“စစ်ရှောင်ပြည်သူများ၏ ကျန်းမာရေးအတွက် ကျနော်တို့ ယောကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် လမ်းခရီးဘယ်လောက်ပဲ ခက်ခဲပါစေ ပြည်သူ့အခက် အခဲသည် ကျွန်ုပ်တို့၏ အခက်အခဲ ဖြစ်သည့်အ တွက် စစ်ရှောင်ပြည်သူဦးရေ ၁၄၀ ကျော်အား ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှု သွားရောက်ကူညီ ပေးနိုင်ခဲ့ပါသည်”ဟု YDF တပ်ရင်း(၄)က ပြောသည်။
ထို့အပြင် အခြားလိုအပ်သည့် စစ်ရှောင်စခန်းများကိုလည်း ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု များ သွားရောက်ကူညီပေးနိုင်ရေး ပြင်ဆင်နေပြီး ပြည်သူများအနေဖြင့် လမ်းခရီးစရိတ်အဖြစ် သော်လည်းကောင်း ဆေးဝါးများအတွက်ဖြစ်စေ ပါဝင်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
